၂၀၂၄ခုနှစ်အတွင်း မြို့ ၂မြို့အပါအဝင် တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မဟာဗျူဟာမြောက် စစ်ဆင်ရေးများကို ဖော်ဆောင်နိုင်ခဲ့ပြီးအောင်မြင်မှုများကို ရရှိခဲ့သလို စိုးမိုးနယ်မြေ ချဲ့ထွင်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။၂၀၂၄ခုနှစ်အတွင်း ဖာပွန်မြို့ကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဇရပ်ကြီးမြို့ကိုလည်း တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းဌာနချုပ် (၂)ခုကိုလည်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် တပ်ရင်းဌာနချုပ် (၁)ခုကိုလည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကာ တပ်စခန်းကြီးငယ် (၂၀)ကျော်ကိုလည်း ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး စိုးမိုးထိန်းချုပ် နယ်မြေတွေကိုလည်း ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်ကို မဟာဗျူဟာမြောက်ပစ်မှတ်အဖြစ် (Rain Of Fire) စစ်ဆင်ရေးဖြင့် အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကာ ရန်ကုန်မြို့ မှော်ဘီလေတပ်စခန်းဌာနချုပ်ကိုလည်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ စစ်ဆင်ရေးဖော်ဆောင် တိုက်ပွဲဝင်မှုတွေကို ပြည်သူတွေရဲ့ အားပေးကူညီမှု၊ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးလမ်းညွှန်မှု၊ တောင်ပိုင်းစစ်ဒေသ(JOC)ရဲ့ စီမံကွပ်ကဲမှုနဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပူးပေါင်းကာ ဟန်ချက်ညီ တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါ စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း ရဲဝံ့ပြောင်မြောက်စွာ တိုက်ပွဲဝင်ရင်း စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေကိုလည်း လေးနက်စွာ ဂုဏ်ပြုကြောင်း ပြောဆိုထားပါတယ်။အခု၂၀၂၅ခုနှစ်မှာလည်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ အနေဖြင့်မည်သို့အတားအဆီး၊ အခက်အခဲတွေများစေကာမူ ပြည်သူအများ မျှော်လင့်တောင့်တနေသည့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ပေါ်ပေါက်လာရေးအတွက် သွေးစည်းညီညွတ်မှု၊ အမိန့်နာခံမှု၊ စည်းကမ်းသေဝပ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့်အစွမ်းကုန်ကြိုးစား ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုပြောပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ