Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
November 7, 2025

ညောင်လေးပင် ဂျောင်းတာရွာစစ်တပ်ဂိတ် တိုက်ခိုက်မှု ရန်ကုန်တိုင်းတိုက်ခိုက်ရေးအဖွဲ့ပါဝင်တိုက်ခိုက်ခဲ့၊လက်နက်ခဲယမ်းအချို့ရရှိပြီး စစ်တပ်စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ဂျောင်းတာရွာထိပ် စစ်တပ်စခန်းနဲ့ ပျူစောထီးခေါင်းဆောင်အိမ်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်လို့ လက်နက်ခဲယမ်းအချို့ရရှိခဲ့ကြောင်း ပဲခူးခရိုင်ပကဖက သတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၂၂ရက် မနက် ၁နာရီခန့်မှာ ဂျောင်းတာရွာစစ်တပ်ဂိတ်နဲ့ ပျူစောထီးခေါင်းဆောင် အောင်စိုးမိုးနေအိမ်ကို KNLAနဲ့ ပူးပေါင်းတပ်ဖွဲ့ ပဲခူးခရိုင် ပကဖ ဦးဆောင်ပြီး ဒိုက်ဦးမြို့နယ်ပကဖ၊ ကဝမြို့နယ်ပကဖ၊ မအူပင်ခရိုင်ပကဖ၊ ဝေါမြို့နယ်ဆေးတပ်ဖွဲ့တို့အပြင် ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့၅ တို့ပူးပေါင်းကာ အင်အားအလုံးအရင်းနဲ့ တပြိုင်နက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဂိတ်စခန်းကနေ MA 3 သေနတ် တစ်လက်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ အီနာကာဗုံးသီးနှစ်လုံးနဲ့ ပြည်သူထံက ငွေကောက်ခံထားတဲ့ စာရွက်စာတမ်းများ ရရှိခဲ့ကာ ဂိတ်စခန်းကို မီးရှို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ဂျောင်းတာအုပ်စုအတွင်း ပျူအင်အားစု​ စစ်သင်တန်းပေးနေတဲ့ ပျူခေါင်းဆောင် အုပ်ကြီးအိမ်ကိုလည်း ဝင်ရောက်ပစ်ခက်ခဲ့ရာ လက်လုပ် ကိုးလုံးသေနတ် ၂လက်၊ လက်လုပ်သေနတ်အတု ၂လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တစုံတရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။အလားတူ လက်ရုံးတပ်များဖြစ်တဲ့ ပဲခူးခရိုင် အင်းတကော်နဲ့ ကဝမြို့နယ် ဒရုံးတပ်ဖွဲ့မှလည်း ရွှေကျင်မြို့နယ် ဒုံဇရစ် ၅၈၉ တပ်ရင်းကို မနက် ၂နာရီမှ စတင်ပြီး လက်နက်တိုက်၊ ကင်းဂိတ်နေရာတွေကို ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

You may have missed