ရခိုင်ပြည်နယ် အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်စဉ် တဖက်မှာလည်း အမ်းမြို့ကို ကိုစစ်ကူလာတဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်လို့ စစ်သား ၁၄ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ဦးအပါအဝင် အများပြားဒဏ်ရာရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)က သတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ(၂၀)ရက်နေ့မနက်ပိုင်း ၈ နာရီ ၄၈မိနစ်အချိန်မှာ အမ်းမြို့နယ်ကို စစ်ကူသွားမယ့် စစ်ကောင်စီ ရှေ့ပြေးကင်းထောက်စစ်ယာဥ်တန်းကို ငဖဲမြို့နယ်၊ စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ဗိုလ်ကြီး ၁ဦးအပါအဝင် အင်အား ၃၀ကျော်ပါစစ်ကြောင်းနဲ့ မိနစ် ၃၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရန်အောင်မြေဘုရားကုန်းမှ (၆၀)မမ ပစ်ကူပေးပြီး စပ်စီဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်တပ်နဲ့ပျူ တွေဟာ က.ပ.စ (၁၀)က ကား(၄)စီးနဲ့ နှစ်ဖက်ညှပ်စစ်ကူလာကြတာကြောင့် လက်နက်ရှင်းလင်းရေးမလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
စစ်အုပ်စုဘက်က ၁၄ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရှိုချင်းကာကွယ်ရေးတပ်(ACDF)က ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာ ၂၀ရက်မှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး မြို့ကို ထိန်းချုပ်ထားပြီဖြစ်ရာ အဆိုပါစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၀ရက်မှာပဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပါတယ်။နပခအတွင်းနောက်ဆုံးခုခံကျန်နေတဲ့ စစ်ကောင်စီတပ်အရာရှိတွေဖြစ်တဲ့ ဗိုလ်ကြီးအောင်စစ်နိုင်(ဆက်သွယ်ရေးအရာရှိ)၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်း(တိုင်းစစ်ဦးစီးချုပ်)၊ ဗိုလ်မှူးချုပ်သောင်းထွန်း(ဒုတိုင်းမှူး)နဲ့ အရာခံဗိုလ်အေးသိန်း(ရုံးအုပ်ချုပ်ရေးး)တို့ကို ဒီဇင်ဘာ ၂၀ရက်နေ့မှာ နပခကို သိမ်းပိုက်ချိန်အတွင်း လက်ရဖမ်းဆီးရမိကြောင်း အမ်းမြို့နဲ့ နပခကို အပြီးသတ်သိမ်းပိုက်ပြီးဖြစ်ကြောင်း အာရက္ခတပ်တော်က မနေ့က ဒီဇင်ဘာ ၂၁ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။
အဆိုပါလက်ကျန်တိုင်းမှူးနဲ့ အင်အားရာချီဟာ လက်နက်မချဘဲ နပခအတွင်းခုခံနေရာ ၎င်းတို့ကို စစ်ကူပေး ကယ်တင်မယ့် အချိန်ကိုစောင့်ဆိုင်းနေစဉ် အာရက္ခတပ်တော်ရဲ့ဖမ်းဆိးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။စစ်ကောင်စီဟာ အမ်းမြို့နယ်မကျခင်ထဲက အမ်း-ပဒါန်းလမ်းပိုင်းကနေ စစ်ကူတွေ အကြိမ်ကြိမ်ပို့်ဆောင်ခဲ့ပေမယ့် အရှိုချင်းကာကွယ်ရေးတပ် ACDF၊ ကျောင်းသားလက်ရုံးတပ်တော် ABSDF၊ မင်းဘူးခရိုင်တရင်း ၂စတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အမ်းမြို့ကို စစ်ကူမရောက်ရှိအောင် အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေနဲ့ ကစဉ့်ကလျားဆုတ်ခွာကာ အမ်းထိမရောက်ရှိဘဲဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။လက်ရှိမှာ အမ်းမြို့နယ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးဟာ စစ်အရာရှိကြီးတွေကိုပါ သုံ့ပန်းအဖြစ်ဖမ်းဆီးခံရပြီး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်ပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ