Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 15, 2025

လွိုင်ကော်အောင်သပြေဂူကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF အမှတ် ၂ ဗျူဟာ ထံက သိရပါတယ်။ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက် ၆ နာရီခန့်မှာ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ ပွင့် ဗိုလ် ၁ ဦး၊ တပ်ကြပ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါစစ်သားတွေအသုံးပြုခဲ့တဲ့ MA-1 အမျိုးအစား သေနတ် ၇ လက်၊ MA-11 အမျိုးအစား သေနတ် ၄ လက်နဲံ့ MA-3 အမျိုးအစား သေနတ် ၁ လက် စုစုပေါင်း သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့တယ်ုလို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ်- ၂ ၊ KNDF တပ်ရင်းအမှတ်- ၂ ၊ KNDF တပ်ရင်းအမှတ်- ၁၄ ၊ KNDF UAV နှင့်Loikaw Local PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေများကို အမြဲမပြတ် နားစွင့်ထားဖို့ KNDF အမှတ် ၂ ဗျူဟာက တိုက်တွန်းထားပါတယ်။

You may have missed