Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
November 7, 2025

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။အာဏာသိမ်းပြီး လေးနှစ်နီးပါးလောက်မှာ မြန်မာနိုင်ငံမှာ အခြေအနေက ဆိုးရွားနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကြောင့် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ကျွန်တော်တို့ရဲ့ အဓိက အလေးထားမှုကတော့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ တိုးတက်မှုပါပဲလို့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးကဆိုပါတယ်။

မြန်မာစစ်အာဏာပိုင်တွေက လေးစားလိုက်နာရမယ့် အချက်ငါးချက် သဘောတူညီမှုကို ကျွန်ုပ်တို့ ထပ်မံအတည်ပြုခဲ့ပါတယ်။ အထူးသဖြင့် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ရမယ်။ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ငြိမ်းချမ်းရေးကို အချိန်ကြာကြာထိန်းထားနိုင်ရန် အဖြေတစ်ခုရရှိဖို့ မြန်မာနိုင်ငံရဲ့ အဓိကပါဝင်ပတ်သက်သူတွေကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ် လို့ သူကဆိုပါတယ်။

ဆက်လက်ပြီး ဒီအရေးပါတဲ့ ဆွေးနွေးပွဲအတွက် ကျွန်ုပ်တို့အား လက်ခံဆောင်ရွက်ပေးပြီး ပံ့ပိုးပေးတဲ့အတွက် Thai FM Maris Sangiampongsa အား ကျေးဇူးတင်ရှိပါတယ်။ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အာဆီယံအစည်းအဝေးကျင်းပနိုင်ရန် ကျွန်ုပ်တို့ထောက်ခံပါတယ်။ ၂၀၂၅မှာ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမယ့် မလေးရှား FM Mohamad Hasan လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အတူတကွပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

You may have missed