Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 25, 2025

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့လှုပ်ရှားမှုတွေကြားမှာပဲ စစ်ရှုံးနေတဲ့အာဏာသိမ်းစစ်တပ်က အရပ်သားတွေအပေါ် ဗုံးဆက်တိုက်ကြဲ

အာဏာသိမ်းမှုကြောင့် စစ်ဘေးဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေးနေ့လှုပ်ရှားမှုကို ကမ္ဘာတဝန်းကျင်းပနေစဉ်မှာလည်း စစ်ကောင်စီလေတပ်ရဲ့ ထင်ရာစိုင်းဗုံးကြဲမှုတွေကို ခံနေကြရပါတယ်မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့၊ မနက် ၂ နာရီခန့်မှာ ဗုံးကြဲချသွားလို့ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာနေ အရပ်သားမိသားစုဝင် ၄ ဦးသေဆုံးသွားကြောင်း CDF – Hakha ထံမှ သိရပါတယ်။ စစ်အုပ်စုရဲ့ ဗုံးနှစ်ကြိမ်ကြဲချမှုမှာ ပထမအကြိမ်က မိသားစုဝင် ၆ ဦးနေတဲ့အိမ်ပေါ်ကျရောက်ခဲ့ပြီး ၄ ဦးပွဲချင်းပြီးအသက်ဆုံးရှုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။ သေဆုံးသွားသူများမှာ အသက် ၆၆ နှစ်အရွယ် အမျိုးသား နှင့် ၎င်း၏ ဇနီး( အသက် ၆၅) နှင့် ၎င်းတို့၏ သမီးကြီး (အသက် ၄၇)နှစ်နှင့် သမီးငယ် (အသက် ၁၃) တို့ဖြစ်ကြပါတယ်။ ဒုတိယအကြိမ် ဗုံးကျရောက်ပေါက်ကွဲမှုမှာတော့ နောက်ထပ်အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ချင်းရေးရာအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းလက်နက်ကြီးဒဏ်ကြောင့် ဖေဖေါ်ဝါရီလအထိ ချင်းလူမျိုး ၅၈၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။

အပစ်ရပ်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားပေမယ့်လည်း စစ်ကောင်စီအုပ်စုဟာ တအန်းတပ်မတော် ထိန်းချုပ်နယ်မြေတွေထဲကို လက်နက်ကြီးများနဲ့ ဆက်လက်ပစ်ခတ်နေကြပါတယ်။ဒီဇင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းတောင်မှ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ အမှတ် (၁) သကြားစက်ရုံဝင်းနှင့် ပတ်ဝန်းကျင်တဝိုက်မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ စက်ရုံဝန်ထမ်းအမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ကြောင်း ကား ၂ စီးအပါအဝင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း (TNLA)ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နေ ပြည်သူ ၁၇ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ဖြစ်ပါတယ်။စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် ရှမ်းအင်းကျေးရွာကိုလည်း မနေ့က ဒီဇင်ဘာ ၉ တရက်တည်းမှာပဲ စစ်ကောင်စီလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခဲ့ကြပါတယ်။ ကလေး ၁ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရသွားကြပါတယ်။ ထိုဖြစ်စဉ်မှာတော့ စစ်ကောင်စီရဲ့ ကားနှစ်စီးကို တော်လှန်ရေးတပ်တွေ ဒရုန်းဗုံးသီးကြဲချပြီးနောက်မှာ စစ်ကောင်စီဘက်ကနေ အခုလို စစ်ရေးဒေသမဟုတ်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခဲ့တာဖြစ်တယ်လို့ ကလေးဝမြို့နယ် (ပ.က.ဖ) က သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ သေဆုံးသွားသူဟာ အသက် ၈ နှစ်အရွယ် အမျိုးသမီးကလေးဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦးနှင့် ၃၂ နှစ်အရွယ် အမျိုးသမီးတဦးတို့ ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ဆိုထားပါတယ်။ ချင်းတွင်းမြစ်ကူးတံတားဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ ကားနှစ်စီးရပ်ထားစဉ် တော်လှန်ရေးဘက်က ဒရုန်းဗုံးသီးချတိုက်ခိုက်ရာ တပ်ခေါင်းဆောင်တဦးနှင့် ရဲဘော်တဦးတို့ ထိခိုက်ဒဏ်ရာရသွားပြီးတဲ့နောက် အခုလို လက်နက်ကြီးနဲ့ ရပ်ရွာထဲပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ စစ်ကောင်စီရဲ့လက်နက်ကြီးကျည်များဟာ ကလေး၀မြို့တောင်ဘက် (၂) မိုင်ခွဲအကွာမှာရှိတဲ့ ရှမ်းအင်းကျေးရွာကို ကျရောက်သွားပြီး အခုလို အရပ်သားပြည်သူ ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာလည်း AA ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့ကို ဒီဇင်ဘာ ၉ ရက်နေ့ ည ၇ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲချသွားပါတယ်။ ယခုတိုက်ခိုက်မှုမှာတော့ လူသေဆုံးမှုမရှိခဲ့ဘဲ ဗုံးဒဏ်ကြောင့် ကံပိုင်ရပ်ကွက်က လူနေအိမ် ၈ လုံးမီးလောင်ဆုံးရှုံးသွားပါတယ်။ တောင်ကုတ်ကို ဒီဇင်ဘာ ၄ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတွေ လာရောက်ပစ်ခတ်သွားပါတယ်။ ထိုစဉ်ကတော့ လူနေအိမ် ၁၅ လုံးထက်မနည်းနဲ့ ဘာသာရေးအဆောက်အဉီတွေပါ မီးလောင်သွားခဲ့ပါတယ်။ နောက်ဆုံးတောင်ကုတ်သတင်းတွေထဲမှာတော့ တောင်ကုတ်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ စကခ (၅) ကိုရခိုင့်တပ်တော် AA အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သိရပါသည်။

You may have missed