ရခိုင်ပြည်၊ မောင်တောဒေသရှိ နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့ အမှတ် ၅နယ်ခြားစောင့်စခန်း နခခ ၅ ကိုသိမ်းပိုက်ပြီးဖြစ်ကြောင်း ဒီနေ့ ညနေပိုင်းမှာ AA က ထုတ်ပြန်ကြေညာပါတယ်။အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အင်အား ၁၅၀ ခန့် ထွက်ပြေးလွတ်မြောက်နေတာကြောင့် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှု ကို ပိတ်ပင်လိုက်တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။စကခ (၁၅) တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကိုယ်လွတ်ရုန်းပြေးသွားပြီး မောင်တောမြို့ အမှတ် ၅နယ်ခြားစောင့်စခန်း -နခခ ၅ကို AA မသိမ်းမီ ပိတ်မိနေကြောင်း စစ်ကောင်စီတပ်သားတွေ ပြောဆိုထားတဲ့ရုပ်သံဖိုင်ဟာလဲ ဒီနေ့မှာ လူမှုကွန်ယက်မှာပျံ့နှံ့လာပါတယ်။
နခခ ၅ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ လက်အောက်ခံ လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေပြီး ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်အသိပေးထားပါတယ်။အမှတ် ၅ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) ကို AA က ဒီနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၉ နာရီခွဲမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။နခခ ၅ ထဲက စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီနှင့် ပူးပေါင်းနေတဲ့ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ လက်နက်များဖြင့် ကစဉ့်ကလျား ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်ကို ပိတ်ပင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
နခခ ၅ အနီးအနားသာမက မောင်တောဒေသရဲ့ အခြားသောနေရာများမှာပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားများအပါအဝင် မွတ်ဆလင် စစ်သွေးကြွများမှာ လက်နက်များဖြင့် ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်၊ နတ်မြစ်တစ်လျှောက် စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေများဖြင့် ထွက်ပြေးဖို့ ကြိုးစားလျှက်ရှိနေကြောင်း AA က သတိပေးထားပါတယ်။မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ သြဂုတ်လ ၄ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မောင်တောမြို့ကစခန်းများအားလုံးသိမ်းပိုက်ထိန်းချုပ်ခဲ့ပေမယ့် အဲ့ဒီနယ်ခြားစောင့်တပ်တခုသာ ကျန်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့် မောင်တောနယ်စပ်မှာ ရှိတဲ့ သုံးလကျော်ကြာနည်းမျိုးစုံနဲ့ ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရတဲ့ မောင်တော နခခ(၅) မြို့သူကြီးတပ် ဟာ နောက်ဆုံးမှာ ထိမ်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ