Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 15, 2025

ဗန်းမော် မံစီဒေသတစ်ခုလုံးသိမ်းပိုက်ဖို့ KIA ထိုးစစ်ဆင်၊ ကာကင်းစခန်းအချို့နဲ့ ဗန်းမော်တက္ကသိုလ်ကို သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မံစီမြို့နယ်ကြားရှိ စစ်ကောင်စီစခန်းတွေနဲ့ ဗန်းမော်တက္ကသိုလ်ကို ဒီဇင်ဘာ ၄ရက်နေ့ မှာ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထားပြီလို့ သိရပါတယ်။ဗန်းမော်- မံစီသွားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ခလရ ၄၇ တပ်ရင်း ကာကင်းစခန်း ၂ခုဖြစ်တဲ့ ညောင်ပင်သာကာကင်းစခန်း၊ ဖန်းခါးကုန်း ကာကင်းစခန်းနဲ့ ဗန်းမော်တက္ကသိုလ်ဝန်းအတွင်းရှိ စစ်ကောင်စီအခြေချစခန်းကိုလည်း KIA က သိမ်းယူရရှိပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ဗန်းမော်နဲ့ မံစီဒေသရှိ ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၅၂၃၊ ခလရ ၄၇တပ်ရင်း၊ ညောင်ပင်သာကာကင်းစခန်း၊ ဖန်းခါးကုန်း၊ နမ်ဖား၊ ဗန်းမော်တက္ကသိုလ်ဝင်း၊ မင်းလှ၊ သာစည်စတဲ့ စခန်းတွေကို KIA က ဒီဇင်ဘာ ၄ရက်မှာ တပြိုင်နက် စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်စွဲရာနေရာ ၁၀ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့လည်း ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။KIAနှင့်ပူးပေါင်းတပ်ဟာ ဗန်းမော် မန်စီဒေသတစ်ခုလုံးသိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်စခန်းများကို ဝိုင်းဝန်းပိတ်ဆို့၍ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလ ဆန်းပိုင်းမှာ ကချင်ပြည်နယ်ရှိ ဆော့လော်၊ ချီဖွေ၊ ပန်ဝါစတဲ့မြို့တွေအပြင် နယ်ခြားစောင့်တပ်ဌာနချုပ် ၃ခုပါဝင်တဲ့ ကချင်အထူးဒေသ ၁တစ်ခုလုံးကို တလကျော်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

You may have missed