Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 15, 2025

နိုင်ငံရေးနည်းနဲ့ဆွေးနွေးဖို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့စေလွှတ်သွားမယ်လို့ MNDAA ထုတ်ပြန်၊အပစ်ခတ်ရပ်စဲမယ်ဆိုပေမယ့် မိမိကိုယ်ကိုခုခံခွင့်ကို ကိုင်စွဲသွားမယ်လို့ ဆို

MNDAA အနေနဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုုကို တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး စစ်ကောင်စီက မြန်မာနိုင်ငဲနေရာအနှံ့မှာ ဖော်ဆောင်နေတဲ့ ဝေဟင်နဲ့မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းပေးရမယ်လို့ ဒီနေ့ညပိုင်းမှာ ညီနောင်မဟာမိတ် ၃ဖွဲ့ သတင်းစာမျက်နှာကနေ ထုတ်ပြန်လာပါတယ်။တွေ့ဆုံဆွေးနွေးရာမှာ MNDAA က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခတွေနဲ့ အမြင်သဘောထားကွဲလွဲမှုများ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားနိုင်လိမ့်မယ်လိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့အကျိူးကို ငဲ့ညှာထောက်ထားဖို့ တရုတ်-မြန်မာနယ်စပ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့ ပြည်တွင်းစစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော်ဆောင်ဖို့အတွက် MNTJP/MNDAA ရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပါတယ်။MNDAA အနေနဲ့ နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံပေမယ့် မိမိကိုယ်ကိုယ်ခုခံကာကွယ်ခွင့်ကိုတော့ ယခင်နည်းတူ ဆက်လက်ကိုင်စွဲသွားမယ်လို့ ဆိုပါတယ်။

ဒီနေ့မှစပြီး ရောက်ရာနေရာက MNDAA တပ်များ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုတိုက်ခိုက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။MNDAA ဟာနိုင်ငံတော်က ခွဲထွက်ပြီး နိုင်ငံတော်သစ်ထူထောင်ခြင်းကို ပြုလုပ်မှာ မဟုတ်ဘဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ပြီး MNDAA အနေနဲ့ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နိုင်ငံပိုင်နယ်မြေတည်တံ့ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ထဲက တအာင်းတပ် TNLA ကလည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိကြောင်း နိုဝင်ဘာ ၂၅ရက်က ထုတ်ပြန်ထားတာကြောင့် အာရက္ခတပ်တော် AA သာ တရုတ်ဖိအားက လွတ်မြောက်နေကာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တိုက်ထုတ်နေတာဖြစ်ပါတယ်။

You may have missed