Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 25, 2025

စစ်ကိုင်း၊ မကွေးနဲ့၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်သား ၄၀နီးပါးသေဆုံးပြီး ၁၄ဦးဖမ်းမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မကွေးတိုင်းအတွင်းနဲ့ အမ်း-ပဒါန်းလမ်းပိုင်းမှာ ၁လတာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်သား ၄၀နီးပါးသေဆုံးပြီး ၁၄ဦးဖမ်းမိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် SAF က သတင်းထုတ်ပြန်ပါတယ်။စစ်ကိုင်း၊ မကွေးနဲ့၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကျောင်းသားလက်ရုံးတပ်တော် SAF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၄၀နီးပါးသေဆုံးပြီး ၁၄ဦးဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့မှာ ဘုတလင်မြို့နယ် အရှေ့တောင်ဘက်ခြမ်း သဖန်းရွာမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်( နမခ)ကနေ ထွက်လာတဲ့ အင်အား (၅၀)ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ဦးထက်မနည်းသေဆုံးကာ တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ စစ်ကောင်စီလမ်းကြောင်းကိို ထပ်မံပိတ်ဆို့ထားခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာလ ၂၀ ရက်နေ့မှာ မကွေးတိုင်း၊ ပြောင်းရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေရာယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောင်းသားလက်ရုံးတပ်တော် နဲ့ သရက်ခရိုင်တပ်ရင်း ၄ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးခန့်သေဆုံးပြီး ၃ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၂ရက်မှာလည်း မကွေးတိုင်း၊ ကြို့ဝရွာ ဓမ္မာရုံအတွင်း စစ်ကောင်စီတပ်သား ၉၀ ခန့် တပ်စွဲထားနေကြောင်း သိရှိရတာကြောင့် ကျောင်းသားလက်ရုံးတပ်တော်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦးသေဆုံးခဲ့ပြီး ၇ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာလ၂၄ ရက်မှာတော့ အမ်းကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား၃၀ခန့် နဲ့ မဟာမိတ်တပ်များ က အမ်း-ပဒန်းလမ်းပိုင်းတနေရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၂ဦး သေဆုံးကာ ၁၄ ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ်၂ လက်နဲ့ ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်မှုကို ခံနေရတဲ့ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်ကြောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်မှာ အမ်း-ပဒါန်းလမ်းတနေရာမှာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းသားလက်ရုံးတပ်တော်နဲ့အတူ မင်းဘူးခရိုင်တပ်ရင်း ၂နဲ့ အရှိုချင်းကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

You may have missed