Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
February 14, 2026

မုံရွာမြို့ပေါ်ရှိ ပြည်သူတွေအပေါ် ငွေကြေးကောက်ခံနေတဲ့ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ ကို ပစ်မှတ်ထားအရေးယူသွားမယ်လို့ မုံရွာ ပလဖ သတိပေး၊စစ်တပ်နဲ့ပေါင်းနေတဲ့ ဟိုတယ်ပိုင်ရှင်၊ လုပ်ငန်းရှင်များကိုလည်း အရေးယူမယ်လို့ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ပြည်သူတွေကို စစ်ကောင်စီအလိုကျ ငွေကြေးကောက်ခံပေးနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပစ်မှတ်ထား အရေးယူသွားမယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က မနေ့က နိုဝင်ဘာ ၂၉ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအလိုကျ ဌာနဆိုင်ရာဝန်ထမ်းများ၊ အထူးသဖြင့် ပြည်သူများအပေါ်အနိုင်ကျင့်ပြီး ငွေကြေးကောက်ခံမှုများပြုလုပ်နေတဲ့ လျှပ်စစ်ဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်များ၊ Passport ပတ်စ်ပို့ငှာနမှဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ စတဲံ့ ဌာနများကို အ‌ရေးယူပေးပါရန် မုံရွာမြို့နယ်ပလဖထံသို့ တိုင်စာများအဆက်မပြတ်ရောက်ရှိနေတယ်လို့ သိရပါတယ်။

အခုကြေညာချက်ထုတ်ပြန်ချိန်မှစပြီး ယင်းဌာနများမှာ တာဝန်ထမ်းဆောင်နေတဲ့ သစ္စာဖောက်လောက်ကောင်ဝန်ထမ်းများကိုပစ်မှတ်ထား အရေးယူသွားမှာဖြစ်ကြောင်း မုံရွာပလဖက အသိပေးပါတယ်။အလားတူ အဖမ်းဆီးခံမိန်းမကောင်း၊ မိန်းမပျိုများကို စစ်ကောင်စီမှ ဟိုတယ်၊ တည်ခိုခန်းများတွင် ခေါ်‌ဆောင်၍ ဖျက်‌ဆီးခံနေရကြောင်းလည်း သတင်းရရှိထားပြီး ယင်းဖြစ်ရပ်များမှာ မတတ်သာ၍ ပြုလုပ်ဆောင်ရွက်ပေးရသည်ကို နားလည်သော်လည်း တိုင်ကြားခံရသူများမှာ စစ်တပ်နဲ့အလားတူ စိတ်တူကိုယ်တူဆောင်ရွက်ပေးနေသည်များကို သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်.

စစ်ကောင်စီ အလိုကျအသုံးတော်ခံကာ မိမိအကျိုးစီးပွားတစ်ခုတည်းကိုကြည့်ပြီး ပြည်သူအပေါ် မငဲ့ကွက်သော လုပ်ငန်းရှင်များကိုလည်း စစ်ရေးပစ်မှတ်အနေဖြင့်သစ္စာဖောက်‌လောက်ကောင် ဝန်ထမ်းများနည်းတူ အရေးယူဆောင်ရွက်သွားမယ်လို့ မုံရွာ ပလဖက ပြောပါတယ်။မုံရွာမြို့ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမြို့ဖြစ်ပြီး အဲ့ဒီဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာတွေကို စစ်ကြောင်းထိုးကာ ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်မှုတွေနဲ့ ရွာလုံးကျွတ်မီးရှို့မှုတွေလုပ်ဆောင်နေတဲ့ တိုင်းစစ်ဌာန်ချုပ်ဖြစ်ပါတယ်။

You may have missed