မန္တလေးတိုင်း မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါမြို့တွေက သိမ်းပိုက်ထားတဲ့နေရာတွေကို အပြည့်အဝထိန်းချုပ်ထားဆဲလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီနေ့ထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာ ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းများနဲ့ နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားနေပေမယ့်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ပြောပါတယ်။
နိုဝင်ဘာလ (၂၇)ရက်နေ့ မနက် ၉နာရီ ၁၅မိနစ်ခန့်မှာ မတ္တရာမြို့နယ် ၊ လက္ကောင်းကြီးကျေးရွာအုပ်စု ၊ လက္ကောင်းကြီးရွာသစ်ရှိ ဓမ္မာရုံကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် ကိုရင်(၁)ပါး နဲ့ အမျိုးသမီးငယ်(၂)ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း သင်တန်းသားသစ်တွေနဲ့ အင်အားအများအပြားအသုံးပြုကာ ဆုံးရှုံးရတဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးစားလာတာဖြစ်ပေမယ့် စခန်းသိမ်းတိုက်ပွဲတွေမှာတော့ စစ်မှုထမ်းသင်တန်းသားသစ်တွေကိုပါ စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိလျက်ရှိပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ