နိုဝင်ဘာ ၂၂ ရက်နေ့ကတိုက်ပွဲစခဲ့ပြီး နိုဝင်ဘာ ၂၅ မှာတော့ ပွိုင့် ၃ တောင်ကုန်းကို သိမ်းနိုင်ခဲ့ပြီလို့ချင်းအမျိုးသားတော်လှန်ရေးတပ် C N A က ပြောပါတယ်။ စစ်ကောင်စီရန်သူအင်အား ၄၀ ခန့်ရှိတဲ့ အဆိုပါတောင်ကုန်းဟာ အရင်က ကျနော်တို့ သိမ်းယူထားပြီးသားဖြစ်ပြီး စစ်ရေးအရအရေးပါတာကြောင့် အခုတခါ ပြန်တိုက်တာပါလို့ CNA ဘက်က ဆိုပါတယ်။ ပွိုင့် ၃ တောင်ကုန်းကို ဇူလိုင်လကတည်းက သိမ်းပိုက်နိုင်ခဲ့ပေမယ့် ပြန်လည်ဆုတ်ခွါခဲ့ရကြောင်း သိရကာ ခုတော့ နောက်တကြိမ်သိမ်းယူကြတာပဲ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအချို့တွေ့ရသလို သေနတ်ခြောက်လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့တယ်လို့ CNA က ထုတ်ပြန်ပါတယ်။ မိမိတို့တော်လှန်ရေးဘက်မှလည်း CNA မဟာမိတ်တပ်ဖွဲ့ CDF – Lautu (လောက်တူ) တပ်မဟာ(၁) တပ်ရင်း(၁) ဒုတပ်ရင်းမှူး ကျော်သန်းအောင် ကျဆုံးခဲ့ကြောင်း သိရပါတယ်။ လက်ရှိချင်းပြည်နယ်မှာ ဖလမ်းနဲ့ မင်းတပ်ကို သိမ်းယူနိုင်ဖို့ ချင်းညီနောင်တပ်ဖွဲ့နဲ့တွေက ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ထန်တလန်ကို ထိန်းချုပ်နိုင်ဖို့လည်း စစ်ကောင်စီ နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်စစ်ရေးဖော်ဆောင်နေကြပါတယ်။ ဟားခါးကိုလည်း စစ်ကောင်စီဘက်က အင်အားဖြည့်တင်းထားပြီး အရေးပါတဲ့ စစ်ရေးနယ်မြေထိန်းချုပ်နိုင်ဖို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန် ဖြစ်ပါတယ်။ ပလက်ဝ၊ မတူပီ၊ တွန်းဇံမြို့များကို တော်လှန်ရေးတပ်ဘက်က စိုးမိုးထားပြီး နောက်ထပ်အရေးပါတဲ့မြို့တွေကိုပါ ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေချိန်ဖြစ်ပါသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ