မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူနေအိမ်တွေကို မီးရှို့ကာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ထိခိုက်မှုတွေရှိတယ်လို့ င်Southern YSO PDF အဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာ ၂၁ရက်နေ့ မနက် ၇နာရီခွဲ အချိန်မှာ သဲတောရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး နိုဝင်ဘာ ၂၂ရက်မှာလည်း ဇီးတောရွာ၊ကျောက်ထပ်ရွာဘက်ကို စစ်ကြော်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းဒဏ်ရာရ စစ်သားတွေကို ထမ်းစင်ဖြင့် နောက်တန်းသို့ပြန်ပို့ပေးကြောင်း ကြားသိရပြီး ထိခိုက်စာရင်းကို တိကျမသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းကို Southern YSO PDF ရဲ့ “နတ်မိချောင်း စစ်ဆင်ရေး”စစ်ကြောင်း၊ BNRA စစ်ကြောင်း နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဆိုပါစစ်တပ်စစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ သဲတောရွာကို အင်အား ၂၅၀ခန့်နဲ့ စစ်ကြောင်း ၃ကြောင်းခွဲကာ စစ်ကြောင်းထိုးနေပြီး ပြည်သူနေအိမ်တွေကို မီးရှို့ကာ လေကြောင်းကနေလဲ တိုက်လေယာဉ်ဖြင့် ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီ လေယာဉ်ဗုံးကြဲချမူ့ကြောင့် ပြည်သူ ၁ဦးသေဆုံးခဲ့ရပြီး ၂ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၄၀ကျော် ပျက်စီးခဲ့သလို ကျေးရွာတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို ဖျက်ဆီးပြီး ခိုးယူသွားတယ်လို့ သိရပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ