Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

ဗောဓိတထောင် ဘုရားအနီး ရွှေမြင်တင်တောင် ဝန်းကျင်စစ်ကြောင်းထိုးကာ မီးရှို့ဖမ်းဆီးနေတဲ့ စစ်တပ်ကို တိုက်ခိုက်လို့ စစ်သား ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဗောဓိတထောင် ဘုရားအနီး ရွှေမြင်တင်တောင် ဝန်းကျင်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်ကို ဒရုန်းဖြင့်တိုက်ခိုက်လို့ စစ်သား ၃ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိသွားကြောင်း Chaung U People’s Defence Force အဖွဲ့ထံက သိရပါတယ်။

မုံရွာမြို့ စီးပွားရေးတက္ကသိုလ် ကျောင်းဝင်းအတွင်းကစစ်တပ်ဟာ ဗောဓိတထောင် ဘုရားအနီး ရွှေမြင်တင်တောင် ဝန်းကျင်သို့ စစ်ကြောင်းထိုးရောက်ရှိခဲ့ကာ အနီးဝန်းကျင်က ပြည်သူနေအိမ်တွေကို မီးရှို့ပြီး ဓားစာခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် တော်လှန်‌ရေးတပ်တွေက နိုဝင်ဘာ ၂၁ရက်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အင်အား ၁၀၀ကျော်ခန့်ရှိ စစ်တပ်စစ်ကြောင်းဟာ သံပြားကာကား ၄စီး၊ faw ကား ၁စီး တို့နဲ့ စစ်ကြောင်းထိုး မီးရှို့ဖမ်းဆီးနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေတိုက်ခိုက်မှုကြောင့် စစ်သား ၃ဦးသေဆုံးကာ ၅ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု့ကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၁ မှ ဒရုန်းဗုံးတိုက်ခိုက်ခဲ့ပြီး special force 11 အဖွဲ့က scout drone ဖြင့် ကင်းထောက်ကူညီပေးကာ ဒိတ်ဒိတ်ကြဲ အဖွဲ့ နဲ့ မုံရွာမြို့နယ်အတွင်း ပကဖ ရဲဘော်များက ချောင်းဦး မြို့နယ် ပကဖ ရဲဘော်များနဲ့အတူ ကာကင်းတာဝန်ယူပေးခဲ့တယ်လို့ သိရပါတယ်။အဆိုပါစစ်ကြောင်းဟာ မနေ့က နိုဝင်ဘာ ၂၃ရက်နေ့ ညနေပိုင်းမှာတော့ မုံရွာ စီးပွားရေး တက္ကသိုလ်အတွင်း ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရပါတယ်။

You may have missed