Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
February 17, 2026

KNU တပ်မဟာ ၅နယ်မြေမှာ လဝက်အတွင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါ စစ်သား ၇၀ကျော်သေဆုံး၊ မော်တော်ယာဉ်တစ်စီး ဖျက်ဆီးနိုင်ခဲ့

ကရင်အမျိုးသားအစည်းအရုံး၊ အမှတ် (၅)တပ်မဟာနယ်မြေမှာ လဝက်အတွင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါ စစ်သား ၇၀ကျော်သေဆုံးခဲ့ကြောင်း KNU မူတြာ်သတင်းစဉ်က သတင်းထုတ်ပြန်ပါတယ်။ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စုစုပေါင်း တိုက်ပွဲ ၁၃ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူး (၁)ဦး၊ ဒု-တပ်ရင်းမှုး (၁)ဦးအပါအဝင် စုစုပေါင်း (၇၇)ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မော်တော်ယာဥ်တစ်စီးဖျက်ဆီးနိုင်ခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့တွေ ဘက်က ရဲဘော် ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အခုလဝက်အတွင်း စစ်တပ်ရဲ့အရေးပါတဲ့ ခေါပုပ်စခန်းကြီးနဲ့ ကူးတို့ဆိပ်တံတားလုံခြုံရေးစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

You may have missed