Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
February 14, 2026

ကမ်ပိန်းသတင်း၊အမေစုရဲ့ဟားဗက်လက်ဆောင် “ရွှေချည်ထိုးပန်းချီကား” လေလံတင်ရောင်းချ

ဟားဗက်တက္ကသိုလ်က မြန်မာပြည်အတွက်လက်ဆောင်ပြန်ရထားတဲ့ “ရွှေချည်ထိုး ပန်းချီကား” ကို နိုဝင်ဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့ထိ လေလံတင် ရောင်းချနေပါတယ်။ယခု လေလံပြုလုပ်နေတဲ့ “ရွှေချည်ထိုး ပန်းချီကား” ဟာ အမေစုဟားဗက်တက္ကသိုလ်ကို သွားခဲ့တုန်းက ဟားဗက်တက္ကသိုလ်ကို လက်ဆောင်ပေးခဲ့တဲ့ ရွှေချည်ထိုး ပန်းချီကားလေးပဲ ဖြစ်ပါတယ်။

အခု ဟားဗက်တက္ကသိုလ်ကြီးက မြန်မာပြည်ကို ပြန်လည်ကူညီချင်တဲ့ဆန္ဒနဲ့ အမေစုရဲ့ လက်ဆောင်လေးကို ပြန်လည်ပေးအပ်ပြီး လိုအပ်သလို ဆောင်ရွက်စေတာကြောင့် လေလံတင် ရောင်းချရခြင်းဖြစ်ကြောင်း သိရပါတယ်။အမေစုရဲ့ ဟားဗက်အတွက်လက်ဆောင်၊ ဟားဗက်ရဲ့ မြန်မာပြည်အတွက် စေတနာဖြစ်တဲ့ “ရွှေချည်ထိုးပန်းချီကား” လေးကို လေလံကြမ်းခင်းစျေး USD ၁၀၀၀ နဲ့ စတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့လည်ပိုင်းမှာတော့ USD ၅၅၀၀ ထိ ပေးထားသူရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

လေလံပေးလိုသူများအနေနဲ့ ပန်ဆယ်လိုရဲ့ ချက်ဘောက်ကို တိုက်ရိုက်ဆက်သွယ်ပြီး ပါဝင်လို့ရပါတယ်။အမေစုရဲ့ ဟားဗက်လက်ဆောင် ရွှေချည်ထိုးပန်းချီကားကြီးကို နွေဦးတော်လှန်ရေးအမှတ်တရအဖြစ် အိမ်ဧည့်ခန်းမှာခန့်ညားစွာ မှတ်တမ်းတင်နိုင်မယ့်အပြင် မြန်မာပြည်အတွက် အပြည့်အဝကူညီနိုင်မယ့် အခွင့်အရေးမို့ ပြည်ပရောက်တော်လှန်ပြည်သူများအနေနဲ့ လေလံဈေးအမြင့်ဆုံးထိရောက်အောင် ဆက်လက်ပါဝင်ပေးကြဖို့ အသိပေးတင်ပြလိုက်ရပါတယ်။

You may have missed