Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 16, 2025

မိတ္ထီလာရှမ်းတဲလေတပ်ကို တိုက်ခိုက်မှုအတွင်း ဗိုလ်မှူ ၂ဦးသေဆုံးပြီး Y-12 ၂စီးထိခိုက်ခဲ့ကြောင်း NUG ထုတ်ပြန်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းဝန်းကျင်ရှိ ပစ်မှတ်နေရာ ၇ခုကို တိုက်ခိုက်မှုအတွင်း ဗိုလ်မှူး (၂) ဦးအပါအဝင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ပြီး Y-12 ၂စီးထိခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်လာပါတယ်။မိတ္ထီလာအခြေစိုက် အမှတ် (၁၀) တပ်မတော် အကြီးစားစက်ရုံရှိ အရာရှိရိပ်သာ၊ လေကြောင်းအတတ်သင် လေတပ်စခန်းရှိ အရာရှိအိမ်ရာများ၊ ခဲယမ်းသိုလှောင်ရုံ၊ လေယာဥ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်ရှိ အရာရှိရိပ်သာများ၊ ရေဒါစခန်းနှင့်အမှတ် (၉၉) ခြေမြန် တပ်မဌာနချုပ်အပါအဝင် စစ်ရေးဆိုင်ရာ ပစ်မှတ် (၇)ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ရက် မနက် ၄နာရီမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ အဲ့ဒိ Drone အထူးစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကူညီ ထောက်ပံ့မှု၊ ရှားထူးဝေါ် နည်းပညာအဖွဲ့ရဲ့ နည်းပညာနဲ့ စီမံချက်များ ကူညီမှုနဲ့ မိတ္တီလာ(ပကဖ)၊ မိတ္တီလာ(ပကဖ) Drone အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံ ခရိုင် တပ်ရင်း (၈)နှင့်အခြားသောအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။စစ်ဆင်ရေးအတွင်း ဗိုလ်မှူး (၂) ဦးအပါအဝင် ရန်သူ့တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ပြီး Y-12 နှစ်စီး ထိခိုက်ပျက်စီးကာ လေယာဥ်အပိုပစ္စည်းထား အလုပ်ရုံတစ်ခု မီးလောင်ပျက်စီးပြီး စစ်ဖက်ဆိုင်ရာသုံး စက်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

You may have missed