Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ ကားလမ်းပေါ်က သံလွင်မြန်မာဆီဆိုင်အနီးက စစ်ကောင်စီတပ်တွေကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ရာ လေးယောက်သေပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ထံက သိရပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်များရဲ့ မိုင်းကွင်းအနီးကို ရန်သူတွေဝင်လာချိန်မှာ မိုင်းဆွဲပြီး ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ စနိုက်ပါနဲ့ ပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးနှင့်အတူ စစ်ကောင်စီတပ်သား စုစုပေါင်း ၆ ဦးဟာ လက်နက်နဲ့တကွ တော်လှန်ရေးဘက်ကို ဝင်ရောက်လာခဲ့ကြပါတယ်။ အဆိုပါတပ်သားသစ်များမှာ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ဖြိုးမင်းအောင်၊ ကရင်လေး၊ တပ်သား ရဲမင်းမောင်၊ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများဖြစ်ကြ သည့် တပ်သား သန်းတိုးအောင် ၊ တပ်သား ဖြူးဖွေးတို့ဖြစ်ကြပြီး စစ်ကောင်စီ၏ရေတပ်မှတဦးကတော့ တပ်သားဝေဖြိုးဆိုသူ ဖြစ်ပါတယ်။

MA1 အမျိုး အစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ ကပစ ထုတ် ၅.၅၆ ကျည် ၁၆၁ တောင့် တို့နှင့်အတူအလင်းဝင်ခဲ့ကြတာပါ။ PDF ဘက်ကိုရောက်ရင် အသတ်ခံရမှာဖြစ်ကြောင်း မှိုင်းတိုက်ခံထားရတာဖြစ်လို့ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားကြောင်း ဒေါနစစ်ကြောင်း တာဝန်ရှိသူတဦးက ဆိုပါတယ်။ အခုလို အလင်းဝင်ရောက်လာမှုကို ကြိုဆိုခဲ့တဲ့တပ်ကတော့ ပြည်သူကာကွယ်ရေးတပ်မတော် ၊ တောင် ပိုင်း တိုင်း စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၃ ၊ ဒေါနတပ်ရင်း ဖြစ်ပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာလည်း သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်အုပ်စုအဖွဲ့မှ စစ်ကောင်စီ တပ်သားသစ်နှစ်ဦးဟာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ကြပါတယ်။သူတို့ကတော့ ရေစကြိုမြို့ ခလရ(၂၅၇)တပ်ရင်းမှ တပ်သားကိုဦးနှင့် ခလရ(၂၅၈)တပ်ရင်းမှ တပ်သားစိုးလင်းအောင်တို့ဖြစ်ကြပြီး ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူနေစဥ် နိုဝင်ဘာ ၁၆ ရက်က ထွက်ပြေးခဲ့ကြတာဖြစ်ကြောင်း ရေစကြိုပကဖမှ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတပ်သား၂ဦး ထွက်ပြေးကြောင်း သတင်းရ၍ ကာကွယ်ရေးရဲဘော်များကလိုက်လံရှာဖွေရာ နိုဝင်ဘာ ၁၇ ရက် နေ့တွင် ရေစကြိုမြို့နယ်တနေရာ၌ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ခုလိုအလင်းဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ တပ်သားနှစ်ဦးဟာ ပေါ်တာဆွဲပြီး တပ်ထဲသွင်းခံထားရသူတွေဖြစ်ပြီး စစ်ကောင်စီလက်အောက်မနေလိုတာကြောင့် PDF တွေရှိရာအရပ်ကို ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။ ၎င်းတို့ယူဆောင်လာသည့် MA1 ၂လက်၊ကျည်ဘောက်၉ဘောက်နှင့် ၅.၅၆ကျည်၄၅၀ခန့်အား ရေစကြိုမြို့နယ်(ပ.က.ဖ)ထံအပ်နှံခဲ့၍ ဆုငွေတစ်ဦးလျှင် ၁၅သိန်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။အခုလိုပဲ အမြင်မှန်သိရှိ၍ ဘက်ပြောင်းခိုလှုံမယ်ဆိုရင် ဖုန်းနံပါတ် 09988895428ကို လုံခြုံစိတ်ချစွာဆက်သွယ်နိုင်ကြောင်း ရေစကြိုပကဖက အသိပေးထားပါတယ်။

You may have missed