မုံရွာမြို့ထဲက ထွက်လာတဲ့ စစ်ကောင်စီတွဲကားတွေနဲ့ ဂျန်ဘာကား အစီး ၅၀ကျော်ပါယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်လို့ ၂စီးထိမှန် ရပ်တန့်သွားခဲ့ကြောင်း People’s Defence Force – South Monywaက သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၈ရက် မနက် ၁၁နာရီ ၅၂မိနစ်ခန့်မှာ မုံရွာမြို့ထဲက ထွက်လာတဲ့ စစ်ကောင်စီတွဲကား(၄၇)စီးနဲ့ ဂျန်မာကား(၅)စီးအနက် (၅)စီးမြောက်နဲ့ (၆)စီးမြောက် တွဲကား(၂)စီးကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားကြားမှာ ပဒေသာမိုင်း(၃)လုံးတွဲ (၂)ပွိုင့်ဖြင့် ဖော်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတွဲကား(၂)စီးလုံး မိုင်းစထိမှန်ရပ်တန့်သွားခဲ့ကာ အနီးရှိကင်းဝပ်နေတဲ့ စစ်တပ်ကင်းပုန်းတွေနဲ့ ကားပေါ်ပါစစ်အုပ်စုဘက်က ဘေးဘီဝဲယာကို လက်နငယ်များဖြင့် တရစပ်ရမ်းသန်း ပစ်ခတ်ခဲ့ ပေမယ့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။၎င်းတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ People’s Defence Force – South Monywa၊ နွေဦးလူငယ်People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram၊ Venom Revolution Force၊ Myinmu Local Defence Force၊ Shining Star Local Defense Force၊ မြန်မာအစ္စလာမ်အထူကွန်မာန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ