ကချင်အထူးဒေသ (၁)ထဲက ဖီမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ ကချင်စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ကချင်အထူးဒေသ(၁)ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိမ့်ယိမ်းထိန်းချုပ်ခဲ့တဲ့ ဖီမော်မြို့ကို မနေ့က နိုဝင်ဘာ ၂ရက်နေ့ ညနေပိုင်းမှာ BGF နဲ့ ပြည်သူ့စစ်တွေ အပြင်းအထန်ခုခံနေတဲ့ကြားက တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ သိရပါတယ်။BP 7 တပ်ဂိတ်စခန်းကို သိမ်းပိုက်မှုအတွင်း အဲ့ဒီတပ်စခန်းက ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ရှင်းသန့်အောင်ကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ဖီမော်မြို့ဟာ မြန်မာ- တရုတ်နယ်စပ်မှာရှိပြီး နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်လုပ်ငန်းရှင်တွေ ကျောက်ဖြူနဲ့သံသတ္တုလုပ်ငန်းအများပိုင်း လုပ်ကိုင်တဲ့မြို့ဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၃၁ရက်မှာ ဖီမော်မြို့ကို ကာကွယ်ထားတဲ့ မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ ချီဖွေမြို့ ရှိခလရ ၂၉၈ မှ ဗိုလ်ကြီး ကိုကိုအောင် ဦးစီးသော လဂွေကျေးရွာ စာသင်ကျောင်းစခန်းကုန်းအပါအဝင် လဂွေရွာ ပြည်သူ့စစ်စခန်းအားလုံးကိုKIA က သိမ်းပိုက်ရရှိခဲ့ပြီးနောက် မနေ့က နိုဝင်ဘာ ၂ရက်မှာ ဖီမော်မြို့ကို ဆက်တိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလနဲ့ နိုဝင်ဘာ လဆန်းအတွင်း ဦးဇခုန်တိမ့်ယိန်းရဲ့ နယ်ခြားစောင့်တပ်ဌာနချုပ်တွေဖြစ်တဲ့ အမှတ် ၁၀၀၁၊ ၁၀၀၂နဲ့ ၁၀၀၃ တို့ကို အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် BGF နယ်ခြားစောင့် တပ်ရင်းဌာနချုပ်တပ်စခန်းများအားလုံးဟာ KIA လက်ထဲ ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင် ဦးဇခုန်တိန့်ယိမ်းထိန်းချုပ်ခဲ့တဲ့ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ နဲ့ ဖီမော်မြို့တွေကိုပါ သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တာကြောင့် ကချင်အထူးဒေသ (၁)မှာ ကန်ပိုင်တည်မြို့သာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။တရုတ်-မြန်မာနယ်စပ်မြို့တွေကို KIA က သိမ်းပိုက်မှုအတွင်း တရုတ်က KIA ခေါင်းဆောင်တွေကို ဖိအားပေးမှုတွေလုပ်ဆောင်ခဲ့ပေမယ့် မလွှဲရှောင်သာ ဆက်တိုက်သွားမယ်လို့ KIA ဘက်ကတုံ့ပြန်ခဲ့ပြီး ကချင်အထူးဒေသ (၁)ထဲက BGF စခန်းတွေနဲ့ မြို့တွေကို ဆက်တိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ