ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကို သင်တန်းတက်ရန် လာရောက်သည့် ထားဝယ်ဆက်သွယ်ရေးတပ်မှ ပါရဂူသမားတော်ဗိုလ်မှူး ၁ ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းမိကြောင်း သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၃၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း(သံတောင်ကြီး)သို့ ခြေလျင်တပ်ရင်းမှူးသင်တန်း တက်ရောက်ရန်အတွက် ခရီးထွက်လာသော တဆရ – ၁၂/၁၀၀ (ထားဝယ်)မှ ပါရဂူသမားတော် ဗိုလ်မှူး ထိန်တောက်ဆိုသူကို ၎င်း၏မိသားစုဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပိုင်းတနေရာ၌ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ မှ လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော ဗိုလ်မှူးကို ရန်ကုန်တိုင်းစစ်ဌာနမှ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းထားရှိပြီး မိသားစုဝင်များကိုလည်း လူအခွင့်အရေး အပြည့်အဝရရှိစေရန် ဆောင်ရွက်ထားရှိကြောင်း ထုတ်ပြန်ထားသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ