Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
February 14, 2026

ချင်းပြည်နယ်တိုက်ပွဲမှာလည်း ထန်တလန်ကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီနဲ့ ချင်းပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပါတယ်

ထန်တလန်တိုက်ပွဲများမှာ ချင်းကာကွယ်ရေးတပ်(CDF)ရဲ့ စစ်ဦးစီးချုပ်အပါအဝင် ကျဆုံးသူ ၂၀ ဦးထက်မနည်းရှိနေပြီဖြစ်လို့ ရင်းနှီးထားရမှုတွေက များပါတယ်။ စစ်ကောင်စီကလည်း လေကြောင်းနဲ့ စစ်ကူတွေ ပေးပို့နိုင်ခဲ့ပြီးနောက်မှာ နှစ်ဖက်တိုက်ပွဲတွေဟာ တဖက်သတ်အသာစီးရယူနိုင်ခြင်းမရှိသေးပါဘူး။ ဗုံးဒဏ်တွေကြောင့် ထန်တလန်မြို့လည်း တမြို့လုံးနီးပါး ပျက်စီးနေတဲ့ အနေအထားမျိုးဖြစ်လာပါတယ်။ လက်ရှိအချိန်ထိတော့ စစ်ကောင်စီတပ်ရင်းတွေရှိနေတဲ့ ထန်တလန်မြို့မရဲစခန်းကို ပူးပေါင်းတပ်တွေက ဝိုင်းရံတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ဟားခါးအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှတဆင့် ထန်တလန်ကို စစ်ကူ ၁၀၀ ခန့်ရောက်လာနိုင်ကြောင်းလည်း တော်လှန်ရေးဘက်က ခန့်မှန်းထားပါတယ်။ ဟားခါးကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ဖို့ ထန်တလန်ဟာ စစ်ကောင်စီအတွက် အရေးပါပါတယ်။ အရင်းအနှီးတွေများထားတဲ့ တိုက်ပွဲမှာ ချင်းတော်လှန်ရေးတပ်တွေကလည်း ထန်တလန်ကိုပဲ သဲသဲမဲမဲရှိနေကြတာမျိုးပါ။ အခြားတဖက် မင်းတပ်မြို့မှာလည်း စစ်ကောင်စီလေတပ်ဟာ အောက်တိုဘာ ၁ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထိ တိုက်ခိုက်ခဲ့ကြောင်း၊ မင်းတပ်ရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်းကို ချင်းကာကွယ်‌ရေးတပ် (CDF-မင်းတပ်) က ယမန်နေ့ နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ကွဲပြားမှုတွေလည်းရှိနေတဲ့ ချင်းတော်လှန်ရေးတပ်တွေဟာ လက်ရှိမှာတော့ အမြင်မတူမှုတွေအတွက် ကနဦးသဘောတူမှုတွေရယူထားပြီး စစ်ကောင်စီနဲ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။

You may have missed