Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
February 14, 2026

မြင်းမူ ပကဖခေါင်းဆောင်ကို ဝင်ရောက်ဖမ်းဆီးစဉ် မတွေ့သဖြင့် စစ်ကောင်စီတပ်က ဇနီးနဲ့သမီးဖြစ်သူ ဖမ်းဆီးခေါ်ဆောင် ဒေါင်းဘုရင်ခေါင်းဆောင်အိမ်မှလဲ ပစ္စည်းများ ယူငင်သွား

မြင်းမူ ပကဖခေါင်းဆောင်ကို ဝင်ရောက်ဖမ်းဆီးစဉ် မတွေ့သဖြင့် စစ်ကောင်စီတပ်က ဇနီးနဲ့သမီးဖြစ်သူ ဖမ်းဆီးခေါ်ဆောင်

မေ ၂၈၊ VOR

စစ်ကိုင်းတိုင်း မြင်းမူမြို့ပေါ် ရှိ ပြည်သူ့အုပ်ချုပ်ရေးခေါင်းဆောင်နေအိမ်ကို စစ်ကောင်စီတပ်သားများ က လာရောက်ဖမ်းဆီးစဉ် ပအဖခေါင်းဆောင်ကို မတွေ့တာကြောင့် ဇနီးနဲ့ သမီးကို ဖမ်းဆီးသွားတယ်လို့ မြင်းမူမြို့နယ် ဆက်သွယ်ရေးတာဝန်ခံ ကိုကြက်ဖက VOR ကိုပြောပါတယ်။

“မြင်းမူ စကစက နေရာ ၅ခုကို တပြိုင်ထဲဝင်စီးတာဗျ ခေါင်းဆာင်ကို မတွေ့လို့ ဇနီးနဲ့ သမီးကို ဖမ်းသွားတယ် ပြည်သူ ၄ဦးလဲ ဖမ်းသွားတယ် ဒေါင်းဘုရင်ခေါင်းဆောင်အိမ်ကို မွှေနှောက်ပီး ပစ္စည်းတွေယူသွားတယ်ဗျ”လို့ မြင်းမူမြို့နယ် ဆက်သွယ်ရေးတာဝန်ခံ ကိုကြက်ဖက VOR ကိုပြောပါတယ်။

ဒီကနေ့မနက် ၁၁နာရီမှာ မြင်းမူမြို့ပေါ်ရှိ ပအဖခေါင်းဆောင်နေအိမ်၊ ဝမ်းပြည့်ရွာက ဒေါင်းဘုရင်အဖွဲ့ခေါင်းဆောင်နေအိမ်နဲ့ ပြည်သူ ၄ဦးကို တပြိုင်နက် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

ပအဖအဖွဲ့ခေါင်းဆာင်ကို ဝင်ရောက်ဖမ်းဆီးစဉ် မတွေ့ရှိတာကြောင့် ဇနီးနဲ့ သမီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဝမ်းပြည့်ရွာက ဒေါင်းဘုရင်အဖွဲ့ခေါင်းဆောင်နေအိမ်မှာ လူမရှိတာကြောင့် ပစ္စည်းအချို့ယူဆောင်သွားကာ အ.ထ.က ၁ ကျောင်းရှေ့ ရှိကွမ်းယာဆိုင်မှ အမျိုးသမီး ၁ဦး၊ အမှတ် ၉ရပ်ကွက်မှ အမျိုသား ၁ဦး၊ ပဲကူရွာက အမျိုးသား ၁ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မြင်းမူမြို့တွင်း စစ်ကောင်စီတပ်များ အင်အားတိုးမြှင့်ထားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်များအား ဝင်ရောက်စီးနင်းကာ မတွေ့ရှိပါက မိသားစုဝင်တွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

“မြို့ထဲ ရဲဘော်မိသားစုတွေ မနေသင့်တော့ဘူးဗျ သူတို့အင်အားများလာရင် ထင်ရာစိုင်းတော့တာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိသတင်းရေးသားနေချိန်ထိ စစ်ကောင်စီတပ်က မြင်းမူမြို့ပေါ်ရှိ ပြည်သူနေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးနေတယ်လို့ သိရပြီး အသေးစိတ်ကို VOR က ဆက်လက်စုံစမ်း​နေဆဲဖြစ်ပါတယ်။

မြင်းမူ ပကဖခေါင်းဆောင်ကို ဝင်ရောက်ဖမ်းဆီးစဉ် မတွေ့သဖြင့် စစ်ကောင်စီတပ်က ဇနီးနဲ့သမီးဖြစ်သူ ဖမ်းဆီးခေါ်ဆောင် ဒေါင်းဘုရင်ခေါင်းဆောင်အိမ်မှလဲ ပစ္စည်းများ ယူငင်သွား

You may have missed