Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
February 15, 2026

ဖုချိမုစခန်းကနေ ထိုင်းဘက် ထွက်ပြေးသွားတဲ့ စစ်သားတွေကို ထိုင်းရဲက လက်နက်သိမ်းယူစစ်ဆေးနေ

ဖုချိမုစခန်းကနေ ထိုင်းဘက် ထွက်ပြေးသွားတဲ့ စစ်သားတွေကို ထိုင်းရဲက လက်နက်သိမ်းယူစစ်ဆေးနေ

မေ ၂၅၊ VOR

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ခွဲ ပိုင်ကလန်ကျေးရွာအနီးရှိ ဖုချိမု စစ်ကောင်စီစစ်စခန်းက စစ်ကောင်စီတပ်သား ၃၁ဦးဟာ ထိုင်းနိုင်ငံထဲကို လက်နက်တွေနဲ့အတူဝင်ရောက်လာပြီး ထိုင်းရဲက လက်နက်သိမ်းယူ စစ်ဆေးနေတယ်လို့ ထိုင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖူချိမုစခန်းက စစ်သားတွေဟာ ထွက်ပြေးတိမ်းရှောင်လာတဲ့ လမ်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အပြစ်မဲ့ ပြည်သူ ၃ဦးကို အကြောင်းမဲ့သတ်ဖြတ်သွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာကြောင့် လက်နက်များကိုသိမ်းယူပြီး စစ်ဆေးနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဖူ့ချိမူစခန်းက စစ်ကောင်စီတပ်သားတွေ စခန်းစွန်းသွားတာကြောင့် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မေလ ၁၉ရက်နေ့မှာ ဝင်ရောက်သိမ်းပိုက်ရာ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လာရောက် လက်နက်ချအညံ့ခံခဲ့ပေမယ့် စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အဆိုပါ စစ်သားတွေကို ထိုင်းအာဏာပိုင်တွေက လက်နက်တွေ ဖြုတ်သိမ်းကာ မဲဆောက်မြို့ကို ပို့ဆောင်ထားပြီး စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

You may have missed