မေ ၁၃၊ VOR
၁၀၂၇ စစ်ဆင်ရေး၏ ရှမ်းမြောက်ဒေသအတွင်း ဖမ်းဆီးရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေထံက ၄၁ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ် MNDAA က မနေ့က မေလ ၁၂ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မေလ ၁၀ ရက်နေ့မှာ စစ်သုံ့ပန်း ၄၁ ဦးကို MNDAA တာဝန်ရှိသူတွေက လမ်းစရိတ်ပေးပြီး အားပေးစကားများ ပြောကြားကာ ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြန်လည်လွှတ်ပေးလိုက်သူတွေထဲမှာ ကျန်းမာရေးမကောင်းသူတွေ၊ ဒဏ်ရာရရှိထားသူတွေ၊ ခြေလက်အင်္ဂါဆုံးရှုံးထားသူတွေနဲ့ အသက်ကြီးပိုင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
MNDAA လုံခြုံရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်ချုပ်ရန်ကျီထန်က စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့နေရာကိုသွားပြီး ဒဏ်ရာရသူတွေရဲ့ ဆေးကုသခံယူနေတဲ့ အခြေအနေကိုကြည့်ရှုခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်