Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

စစ်ကောင်စီ၏ ပျဲန်ဝိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ

ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်

ဧပြီ ၁၊ VOR

လွယ်ဂျယ်- စိန်လုံ-ဗန်းမော်လမ်းရှိ ပျဲန်ဝိုင်စခန်း၊ တိန်ရောင်တပ်စခန်းနှင့် နှင့် လွယ်ဂျယ်မြို့အနီးရှိ စိန်လုံဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA ) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံးကျန်နေသည့် စိန်လုံဗျူဟာစခန်းကို ယနေ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ တရုတ်-မြန်မာ နယ်စပ်ဂိတ်အပါအဝင် လွယ်ဂျယ်မြို့ကို KIA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

မတ်လ ၇ရက်နေ့က စတင်ခဲ့သည့် KIA ၏ စစ်ရေးအရှိန်မြှင့်တင်မှုသည် ၃ပတ်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၆၀ခန့် သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

https://www.facebook.com/VORLiveNews/videos/1188804118974138

You may have missed