မတ် ၂၈၊ VOR
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်မြို့အပြင် တအာင်းဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နှင့် ပြည်သူများက ပူးပေါင်းကာကွယ်စောင့်ရှောက်ရမည်ဟု PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်း ပြောကြားလိုက်ခြင်းကို TNLA က ထုတ်ပြန်လာသည်။
ယမန်နေ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ခေါင်းဆောင်များက နမ့်ဆန်မြို့နယ်ရှိ ဒေသခံများနှင့် တွေ့ဆုံခဲ့သည့် လူထုတွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက “အသက်သွေးခြွေးစွန့်ကာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် နမ့်ဆန်မြို့အပြင် တအာင်းလူမျိုးများ၏ ဒေသတစ်ခုလုံးအား တအာင်းတပ်မတော်နှင့် ထိုဒေသအတွင်းနေထိုင်ကြသည့် ပြည်သူလူထုများ စုပေါင်းကာ အတူတကွကာကွယ်စောင့်ရှောက်ရမည်”ဟု မိန့်ခွန်းတွင်ပြောကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် PSLF/TNLA အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော် မိန့်ခွန်းပြောကြားရာတွင် “နမ့်ဆန်မြို့အပြင် မိမိတို့တအာင်းဒေသအတွင်း လက်ဖက်လုပ်ငန်းပိုမိုအဆင့်မြှင်တင်သွားရန်နှင့် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကဏ္ဍများအား အကောင်းဆုံးဖြစ်အောင် စနစ်တကျစီမံသွားမည်”ဟု ဆိုသည်။
ထို့အပြင် မဟာလူမျိုးကြီးဝါဒကျင့်သုံးကာ မိမိတို့လူမျိုးအပေါ် နှစ်ပေါင်း(၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့်အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဖြစ်ပြီး မိမိတို့စည်းစည်းလုံးလုံးနေထိုင်သွားကြရန်လည်း PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က မှာကြားသွားခဲ့ကြောင်း သိရသည်။
ထို့လူထုတွေ့ဆုံပွဲသို့ PSLF/TNLA ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်နှင့် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၃)စုက ဒေသခံ (၃၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။







More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ