မတ် ၁၅၊ VOR
ပဲခူးတိုင်း၊ တောင်ငူ လေတပ်စခန်းအတွင်းသို့ PDF အဖွဲ့ မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃လုံးမှာ တပ်စခန်းအတွင်း အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်သည်။
မတ်လ ၁၄ရက်၊ ည ၈း၄၄ အချိန်တွင် တောင်ငူ လေတပ်စခန်းအတွင်းသို့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ မှ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃လုံးထိမှန်ပေါက်ကွဲခဲ့ကာ ကျန် ၂ လုံးမှာ ပစ္စည်းချွတ်ယွင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။
တောင်ငူလေတပ်စခန်းသည် တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသော စစ်ကောင်စီ၏ အဓိကလေတပ်စခန်းတစ်ခုဖြစ်သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ခိုက်မှုအတွင်း တပ်စခန်းထိခိုက်ပျက်စီးမှုနှင့် ထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ