Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
May 24, 2025

မကွေးတိုင်း ထီးလင်းမြို့နယ်က ရေမျက်နီရဲစခန်းကနေ ရိက္ခာရှာဖို့ ထွက်လာတဲ့ စစ်သားနဲံ့ရဲ ပူးပေါင်း တပ်စိတ်တစ်စိတ်ကို ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ထီးလင်းမြို့နယ်က ရေမျက်နီရဲစခန်းကနေ ရိက္ခာရှာဖို့ ထွက်လာတဲ့ စစ်သားနဲံ့ရဲ ပူးပေါင်း တပ်စိတ်တစ်စိတ်ကို ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ထီးလင်းမြို့နယ်က ရေမျက်နီရဲစခန်းကနေ ရိက္ခာရှာဖို့ ထွက်လာတဲ့ စစ်သားနဲံ့ရဲ ပူးပေါင်း တပ်စိတ်တစ်စိတ်ကို မနေ့က ညနေ ၅ နာရီကျော်မှာ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA (ထီးလင်း)ရဲဘော်တွေက လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ တစ်နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၄ ဦးခန့် သေဆုံးကြောင်း သိရပြီး YRA ရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ Yaw Revolution Army – YRA(ထီးလင်း) က သတင်းထုတ်ပြန်လိုက်ပါတယ်

အဲ့ဒီရေမျက်နီစခန်းကို ပြီးခဲ့တဲ့ ီဇင်ဘာ ၄ရက်နေ့ကတည်းက တော်လှန်ရေးပူးပေါင်းတပ်တွေက တပတ်ကြာတဲ့အထိ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအများအပြားအသုံးပြုကာ မြေပြင်စစ်ကူစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် ၈၀ရာခိုင်နှုန်းခန့်သိမ်းပိုက်ရရှိပြီးဖြစ်တဲ့ ရေမျက်နီစခန်းကို စွန့်လွှတ်ပြီး ခေတ္တဆုတ်ခွာခဲ့ကြရပါတယ်၊အဲဒိအချိန်ကစလို့ ရေမျက်နီနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒိနေ့ထိ ရိက္ခာဖြတ်တောက်ပိတ်ဆို့ခဲ့ကြပါတယ်။ ထိတွေ့တိုက်ပွဲတွေလဲ မကြာခဏဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။ ီဇင်ဘာ ၁၈ရက်နေ့မှာ ဂန့်ဂေါခလရ ၅၀က ရေမျက်နီရဲစခန်းကို စစ်ကူရောက်လာတဲ့ တပ်ရင်းမှူးအေးမင်းနဲ့ ၄င်းရဲ့ PA၊ ဆေးမှူး ပေါင်းသုံးဦးကို ပြောက်ကျား တိုက်ခိုက်ခဲ့ရာ ၃ ဦးလုံး လဲကျ​သေဆုံးခဲ့ခြင်းကို သတင်းအတည်ပြုထုတ်ပြန်ပြီးဖြစ်တယ်လို့ Yaw Revolution Army – YRA(ထီးလင်း) ကဆိုပါတယ်။

ဇန်နဝါရီ ၂၇ရက် နေ့လည် ၁၂:၀၀ နာရီခန့် မှာ ရေမျက်နီရဲစခန်းထဲ ကို ၄၀ မမများပ-စ်ခ-တ်တို-က်ခို-က်ခဲ့ခြင်း၊ ဖေဖော်ဝါရီ ၁၀ရက်မှာ ရေမျက်နီစခန်းမြောက်ဘက်ကို ရေခပ်ဆင်းလာတဲ့ စစ်သားနဲ့ရဲတွေကို ညနေ ၇:၀၀ နာရီခန့်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖေဖော်ဝါရီ ၁၅ရက်မှာ ရေမျက်နီစခန်းအရှေ့မြောက်ဘက်ကို ရေခပ်ဆင်းလာတဲ့ စစ်သားနဲ့ရဲတွေကို ၄၀ မမ၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ မတ်လ ၂ရက်မှ ကျော ကပစ ကနေ ရေမျက်နီရဲစခန်းထဲကို ရိက္ခာပို့လာတဲ့ စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပါတယ်

အဆိုပါရိက္ခာဖြတ်တောက်ပိတ်ဆို့ခြင်းနဲ့ ထိတွေ့တိုက်ပွဲတွေ မိုင်းဆွဲတိုက်ခိုက်ခြင်းတွေကြောင့် ရေမျက်နီရဲစခန်းက စစ်အင်အား ၁၀ဦးခန့်လျှော့ချနိုင်ခဲ့ပြီး စိတ်ဓါတ်ပျက်ပြားအောင်စွမ်းဆောင်နိုင်ခဲ့သလို ဂန့်ဂေါအထိုင်ခလရ ၅၀ နဲ့ ကျော ကပစ တပ်တွေက လူ၊လက်နက်ခဲယမ်း၊ရိက္ခာတွေ လာရောက်မပို့ဆောင်ပါက “စခန်းတခုလုံးအလံဖြူထောင်အလင်းဝင်တော့မယ်လို့ အထက်အဆင့်ဆင့်ထံ သတင်းပို့ရသည်အထိဖြစ်ခဲ့ကြကြောင်း စုံစမ်းသိရှိရပါတယ်

မကွေးတိုင်း ထီးလင်းမြို့နယ်က ရေမျက်နီရဲစခန်းကနေ ရိက္ခာရှာဖို့ ထွက်လာတဲ့ စစ်သားနဲံ့ရဲ ပူးပေါင်း တပ်စိတ်တစ်စိတ်ကို ပစ်ခတ်တိုက်ခိုက်

You may have missed