Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
January 13, 2026

တပ်အပြုတ်မှာဇာတ်ရှုပ်တွေဆင်

တပ်အပြုတ်မှာဇာတ်ရှုပ်တွေဆင်၊မတ်လရဲ့သမိုင်းအရိပ်သွေး‌ကြောမျှင်

ဒီလူမျိုးရေး ဘာသာရေး မီးမွှေးပြီး စစ်သင်တန်းပေး လက်နက်တပ်ဆင်ရေးစီမံချက်ဟာ မြန်မာ့စစ်တပ်ရဲ့ နေ့ညမရပ် ထာဝရစစ်ဆင်ရေးလုပ်ငန်းပါ။ ဘယ်လက်နက်အမျိုးအစားမဆိုထက် အဲဒါကို အားပြုပါတယ်။ မြန်မာစစ်တပ် ကနေ့ထိ ရှင်သန်နေတာဟာ ဒီလက်နက်ကြီးကို အမြဲထုတ်သုံးနေလို့ပါ။ အရှိန်ကောင်းနေတဲ့ တန်ပြန်တိုက်ခိုက်စစ်ဆင်ရေးတွေ တုံ့နှေးသွားတာ ရပ်တန့်သွားတာဟာ ဒီလက်နက်ကြီး ပစ်အားကြောင့်ပါ။ ရန်သူကနေ မဟာမိတ်တဖြစ်လဲသွားကြတာလဲ ဒီလက်နက်ကြီးဒဏ် မခံနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒေါ်စုနဲ့ NLD ကိုယ်တိုင် အဲဒီနွံထဲကျခဲ့တာဟာ အခု အာဏာသိမ်းခံရလို့ ပြန်တော်လှန်ချိန်ထိ ပြည်တွင်း ပြည်ပ ထိုးနှက်တိုက်ခိုင်ခံနေရတုန်းပါပဲ။ ပြည်ပအကူအညီတွေ နှောင့်နှေးအားပျော့သလို ပြည်တွင်းရန်သူ ပျူအားကောင်းစေတာလည်း ဒီအချက်ပါဘဲ။

(တပ်အပြုတ်မှာဇာတ်ရှုပ်တွေဆင်မှ……)

တပါတီ အာဏာရှင်စနစ်ကို တော်လှန်ဖို့ နည်းလမ်းရှာနေကြတဲ့ ကျောင်းသားတွေဟာ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကို ဂါရဝပြုအပြန်မှာ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမကို သိမ်း၊ သပိတ်စခန်းဖွင့်၊ ကျောင်းသား အခွင့်အရေးနဲ့ ဦးနေဝင်းရဲ့မဆလ အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြတယ်။ သပိတ်ဟာ အနယ်နယ်ကို ပြန့်သွားပြီး မဆလအစိုးရက ကျောင်းသားရာနဲ့ချီဖမ်း၊ တချို့ ခေါင်းဆောင်တွေထောင်ချခံရ၊ ကျောင်းထုတ်ခံရတယ်။ မတ်လရဲ့အသွေးအသားထဲ တော်လှန်ရေး သွေးကြော မျှင်တခုဟာ တိုးလျှိုးစီးဝင်သွားခဲ့ရင်း နောက်သက္ကရာဇ်တခုကို အံခဲရင်း စောင့်နေခဲ့တယ်။

You may have missed