Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
February 14, 2026

စစ်ကောင်စီရဲ့ တရားမဝင်စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသည့် မွတ်စလင် 100 ခန့် တိုက်ပွဲတွင်သေဆုံးပြီး ရခိုင်ပြည်နယ်တွင်းက စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများလည်း ထွက်ပြေးရန်ပြင်ဆင်နေ

စစ်ကောင်စီရဲ့ တရားမဝင်စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသည့် မွတ်စလင် 100 ခန့် တိုက်ပွဲတွင်သေဆုံးပြီး ရခိုင်ပြည်နယ်တွင်းက စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများလည်း ထွက်ပြေးရန်ပြင်ဆင်နေ။

မတ်လ၁၄၊၂၀၂၄။

စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကြောင့် ရခိုင်ပြည်နယ်တွင်းကမွတ်ဆလင် တစ်‌ထောင်နီးပါး အဓမ္မခေါ်ဆောင်ခံခဲ့ရပြီး ဒီထဲက မွတ်ဆလင် တစ်ရာခန့် တိုက်ပွဲမှာ သေဆုံးသွားတယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းနှင့်ဒေသခံများထံမှသိရပါတယ်။

ရခိုင်ပြည်နယ်တွင်း ရသေ့တောင်မြို့နယ် အငူမော်တွင် ရခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲများပြင်းထန်လျှက်ရှိပြီး ကျောက်ဖြူ၊ စစ်တွေ။ ဗူးသီးတောင်ဒေသမှ အဓမ္မခေါ်ဆောင်သွားတဲ့ မွတ်ဆလင် ၅၀၀ ကျော်ထဲမှ ၁၀၀ခန့် တိုက်ပွဲမှာ သေဆုံးသွားတာဖြစ်တယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။

အဆိုပါသတင်းနဲ့ပတ်သက်ပြီး ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ဦးရိုနေဆန်းလွင်ကတော့ ” ဖြစ်နိုင်ခြေဘာကြောင့်ရှိလဲဆိုတော့ စစ်တွေမြို့ဒုက္ခသည် စခန်းတွေကနေပြီးတော့ မွတ်ဆလင်လူငယ်တွေကို အတင်းအဓမ္မဖိအားပေးပြီးတော့ ခေါ်ဆောင်သွားတာတွေရှိတယ်။ စစ်ကောင်စီကသူတို့တပ်ရင်းကိုခေါ်သွားပြီးတော့ သင်တန်းပေးပြီးတော့ သူတို့လိုသလို အသုံးချနေတာရှိတယ်ဆိုတော့ ဒါဖြစ်နိုင်ခြေအများကြီးရှိတယ်ပေါ့နော်။ ရခိုင်ပြည်နယ်တွင်းမှာ တယ်လီဖုန်း၊ အင်တာနက်ဖြတ်တောက်ခံထားရတော့ အတည်ပြုဖို့ ခက်နေသေးတယ်။ဒီညနေလောက်မှ သတင်းကတိတိကျကျထွက်လာမယ်ထင်တယ်”လို့ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကတော့ ရိုဟင်ဂျာများကို ပြန်လည်ပိုဆောင်နိုင်ရေး ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြောင်းထုပ်ပြောပြီး တလအကြာမှာပဲ မြန်မာနိုင်ငံ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) မှကိုယ်စားလှယ်များဟာ စစ်ကောင်စီပညာရေးဝန်ကြီးနှင့် ဖေဖော်ဝါရီ ၇ ရက်နေ့က သွား ရောက်တွေ့ဆုံခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေမှာလည်း လက်နက်ကြီးပစ်ခက်မှုကြောင့် တစ်လအတွင်း လူ၃၀ခန့်သေဆုံးခဲ့ပြီး ဒေသခံပြည်သူများလည်း ကျီးလန့်စာစားဘဝဖြင့်သာ နေထိုင်နေကြရပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင့်တပ်တော် AAသိမ်းပိုက်ထားတဲ့ မြို့နယ်များမှ ၎င်းတို့ရဲ့ ဌာနဆိုင်ရာဝန်ထမ်းများကို စစ်တွေသို့လာရောက်သတင်းပို့ရန်နှင့် ရခိုင့်တပ်တော်နှင့်ပူးပေါင်းဆောင်ရွက်ချင်းများမလုပ်ကြဖို့ ညွှန်ကြားထားပေမယ့် လက်တွေ့မှာတော့ စစ်တွေမှာရှိတဲ့ စစ်ကောင်စီဝန်ထမ်းတွေကိုယ်တိုင် ထွက်ပြေးရန်ပြင်ဆင်နေကြကြောင်းသိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ထွေအုပ်ဝန်ထမ်းတစ်ဦးပြောတာက” စစ်တွေမှာရှိတဲ့ ဝန်ထမ်းတွေအကုန်လုံးက သက်ဆိုင်ရာမိသားစုတွေကို ရွှေ့နေကြပြီး ဝန်ထမ်းတွေကတော့ပြေးမရလို့ငြိမ်နေကြတာ။ သေနက်သံပေါက်ပြီဆိုတာနဲ့ ပြေးမဲ့သူတွေချည်းပဲ။ အခြားဒေသကဝန်ထမ်းတွေ စစ်တွေလာသတင်းပို့လည်း မကြာခင် စစ်ပွဲတွေဖြစ်လာမှာဆိုတော့ သိပ်မထူးတော့ဘူး” လို့ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်တွေမြို့ရှိ ၎င်းတို့ရဲ့ ဌာနဆိုင်ရာဝန်ထမ်းများကိုပါ လက်နက်ထုပ်ပေးပြီး ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်နေကြတယ်လို သိရကြောင်း ပါခင်ဗျာ။

စစ်ကောင်စီရဲ့ တရားမဝင်စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသည့် မွတ်စလင် 100 ခန့် တိုက်ပွဲတွင်သေဆုံးပြီး ရခိုင်ပြည်နယ်တွင်းက စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများလည်း ထွက်ပြေးရန်ပြင်ဆင်နေ

You may have missed