Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

လောင်းလုံမြို့နယ်ရဲစခန်းမှ ရဲတပ်သားအပြောင်းအရွှေ့ပြုလုပ်စဉ် ပစ္စည်းတင်ဆောင်လာသည့်ကားတစ်စီးကို PDF တို့ဖမ်းမိ

လောင်းလုံမြို့နယ်ရဲစခန်းမှ ရဲတပ်သားအပြောင်းအရွှေ့ပြုလုပ်စဉ် ပစ္စည်းတင်ဆောင်လာသည့်ကားတစ်စီးကို PDF တို့ဖမ်းမိ

ဖေဖော်ဝါရီ ၂၇၊ VOR

လောင်းလုံမြို့နယ်ရဲစခန်းမှ ရဲတပ်သားအပြောင်းအရွှေ့ပြုလုပ်စဉ် ပစ္စည်းတင်ဆောင်လာသည့်ကားအား လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ကြောင်း LLPDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် လောင်းလုံမြို့နယ် ရဲစခန်းမှ ရဲတပ်သားအပြောင်းအရွှေ့ပြုလုပ်စဉ် ပစ္စည်းတင်ဆောင်လာသည့်ကားတစ်စီးအား သတင်းအတိအကျရသဖြင့် လောင်းလုံမြို့နယ် လမ်းပိုင်းတစ်နေရာတွင် လက်ရဖမ်းဆီးခဲ့ပြီး ကားပေါ်ပါပစ္စည်းများသိမ်းဆည်း၍ ကားသမားနှင့်ကားအားပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

သိမ်းဆည်းရမိသည့်ပစ္စည်းများမှာ ရဲတပ်ဖွဲ့ဝင်အသုံးအဆောင်များနှင့် အဝတ်အထည်များ ကို သိမ်းဆည်းရမိခဲ့ကာ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇုန် ၃ ကင်းမြီးကောက် ပြောက်ကျားတပ်စုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားပြည်သူများ ကားမှန်ချမောင်းရန် သတိပေးထားသည်။

You may have missed