ဖေဖော်ဝါရီ၊ ၂၆၊ VOR
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရုံ လုံခြုံရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ မင်္ဂလာဒုံ စစ်ဆေးရုံ ရှေ့ရှိ လုံခြုံရေးယူထားသည့် ဂိတ်ကို ရန်ကုန်အခြေစိုက် Dark Shadow အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်အစောပိုင်းတွင် ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မင်္ဂလာဒုံမြိုနယ်ရှိ အမှတ် (၁)ကုတင် ၁,၀၀၀ စစ်ဆေးရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမြောက်အမြား ရောက်ရှိနေချိန် ယခုလို ချိန်သားကိုက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုအခြေအနေကို လတ်တလောအတည်မပြုနိုင်သေးကြောင်း သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်