ဖေဖော်ဝါရီ ၂၄၊ VOR
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ သောက်ရေခပ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ နေထိုင်နေသည့် နေအိမ်ပေါ်အား ဗုံးသီးချတိုက်ခိုက်ခဲ့သည့် မှတ်တမ်းကို DANU Drone Force က သတင်းထုတ်ပြန်သည်။
အဆိုပါမှတ်တမ်းတွင် စစ်ကောင်စီတပ်သားများ ကယောင်ခြောက်ခြားပြေးလွှားနေသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ (ဖျက်မြင်းစစ်ကြောင်း)မှ Drone တပ်ဖွဲ့နှင့်ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထပ်မံ၍ တိုက်ပွဲများဖော်ဆောင်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် DANU Drone Force အား ထောက်ပံ့ကူညီမှုများ ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
ဓနု ဒရုန်းတပ်-DANU Drone Force မှ လက်ရှိအချိန်တွင် “Cherry Land “Project အား ပြုလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ထို Project အား တတ်နိုင်သမျှ ၅၀၀၀ကျပ်မှစ၍ “ရှမ်းရိုးမဆီ တို့ဦးတည် ” အောက်ပါ Facebook link မှတဆင့် လှူဒါန်းနိုင်ကြောင်း သိရသည်။
https://www.facebook.com/VORLiveNews/videos/1086936869288517
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်