Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

အရာတော်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ အရာရှိ ၂ဦးအပါအဝင် ၅ဦးသေဆုံး

အရာတော်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ အရာရှိ ၂ဦးအပါအဝင် ၅ဦးသေဆုံး

ဖေဖော်ဝါရီ ၂၂၊ VOR

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ အရာရှိ ၂ဦးအပါအဝင် ၅ဦးသေဆုံးပြီး ၇ဦးဒဏ်ရာအပြင်းထန်ရရှိသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၁)ရက် ၊ နံနက် (၃) နာရီ (၁၅) မိနစ်အချိန်တွင် အမတ(၃၆၉) တပ် မှ အရာတော် သို့သွားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်သား အင်အား (၅၀) ခန့်ပါ ခြေလျင်စစ်ကြောင်းအား (၅၀၀၄)တင့်ကားတပ်၏ အနောက်တောင်ဘက်( ၁)မိုင်စွန်းစွန်းအကွာအဝေးရှိ တူးကန်ဘုရားကျော်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ် (၃၀) ခန့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်တလောသိရှိချက်များအရ ရဲတပ်ကြပ် စောမင်းဦး တိုက်ပွဲအတွင်းသေဆုံး ​ပြီး အရာရှိ (၂) ဦး၊ တပ်သား (၂) ဦး အရာတော်​​​မြို့​ဆေးရုံ​ကြီးတွင်​သေဆုံးကာ တပ်သား (၇) ဦး ဒဏ်ရာ အပြင်းအထန်ရရှိ၍ အရာတော်မြို့ဆေးရုံကြီးတွင် ဆေးကုသခံယူနေကြောင်း တပ်တွင်းဖရဲသီးများထံမှ သိရှိရသည်။

ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ ဝင် (၂) ဦး ကျည်ထိ ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအပြီးတွင် အကြမ်းဖက်စစ်ကောင်စီ ၏တပ်သား များသည် အထိနာသောကြောင့် လေယာဥ်ပစ်ကူတောင်းခြင်း ၊ (၅၀၀၄) တင့်ကားတပ်အား လက်နက်ကြီး ပစ်ကူတောင်းခြင်း ၊ လက်နက်ကြီးလက်နက်ငယ်များ ရမ်းသန်းပစ်ဖောက်ခြင်းများပြုလုပ်၍ သေဆုံးသော အရာရှိများ ၊ တပ်သားများ အားသယ်ဆောင်ကာ အရာတော်​​​​ မြို့ ထဲသို့ဝင်သွားကြောင်း သိရှိရသည်။

၎င်းစစ်ဆင်ရေးကို Danger Force LPDF၊ Special Revolution Force၊ မိုင်းမင်းသားမြေအောက် ပျောက်ကြားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၂၇) ၊ မုံရွာခရိုင်ပကဖ၊ လင်းယုန်တပ်ဖွဲ့ တို့မှပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

You may have missed