Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
March 25, 2025

ကရင်နီပြည်တွင် IEC-ယာဉ်လိုင်းစတင်ပြေးဆွဲ

ဖေဖော်ဝါရီ ၁၈၊ VOR

ကရင်နီပြည်တွင် IEC-ယာဉ်လိုင်းစတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယမန်နေ့က ထုတ်ပြန်သည်။

ဒီမောဆိုး-မော်ချီး-မယ်စဲ့ IEC-ယာဉ်လိုင်းကို ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၏ သယ်ယူပို့ဆောင်ရေးဌာနခွဲမှ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

IEC – သယ်ယူပို့ဆောင်ရေး၏ မော်တော်ယာဉ်လိုင်းကို တာဝန်ရှိသူ ၄ဦးဖြင့် ဖွဲ့စည်းထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်တွင် ဒေသ၏ ၇၅ရာခိုင်နှုန်းကို ကရင်နီတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

ကရင်နီပြည်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းလက်ကမ်း အသိပညာပေးခြင်းများ လုပ်ဆောင်စဉ်

You may have missed