Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ၏ စာရင်းကို ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီ ညွှန်ကြားချက်ထုတ်ပြန်

စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ၏ စာရင်းကို ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီ ညွှန်ကြားချက်ထုတ်ပြန်

ဖေဖော်ဝါရီ ၁၇၊ VOR

အကြမ်းဖက် စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက် ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းရန် အကျုံး ဝင်သော Non-CDM ဝန်ထမ်းများစာရင်း ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက ညွှန် ကြားချက် ထုတ်ပြန်လိုက်သည်။

အသက် (၁၈) နှစ်နှင့် (၂၇) နှစ်ကြား အမျိုးသမီးနှင့် အသက် (၁၈) နှစ်နှင့် (၃၅) နှစ်ကြားအမျိုးသား Non-CDM ဝန်ထမ်းများ၏ စာရင်းကို ကောက်ယူရန် ညွှန်ကြားထားပြီး ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဝန်ထမ်းဦးရေ စာရင်းချုပ်ကိုလည်းကောင်း၊ အသေးစိတ် စာရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင်လည်ကောင်း အချိန်မီ စာရင်းပြုစု ပေးပို့ရန်တို့ပါဝင်သည်။

ထို့ပြင် လာမည့် ၂၀၂၅ ၊ ၂၀၂၆ ၊ ၂၀၂၇ ခုနှစ်တွင် စစ်မှုထမ်းရမည့် Non-CDM ဝန်ထမ်းများစာရင်းကိုပါ အသေးစိတ် ထပ်မံပြုစုရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ကြောင်း သိရသည်။

စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ၏ စာရင်းကို ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီ ညွှန်ကြားချက်ထုတ်ပြန်

You may have missed