ဖေဖော်ဝါရီ ၂၊ VOR
မတ္တရာမြို့နယ်တွင် ပြည်သူနေအိမ်များကို မီးရှို့ပြီးပြန်လာသော စစ်ကောင်စီတပ်ကား ၁စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဝတ်စုံနှင့် ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြစ်ကမ်းကျေးရွာကို မီးရှို့ပြီး ပြန်လာသော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို ကိုရင်တောင်ခြေ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထွက် ပြေးသွားပြီး ကားနှင့်အတူ ကားပေါ်တွင် ပါလာသည့် ပြည်သူ့စစ်ဝတ်စုံများ၊ ပြည်သူလူထုနေအိမ်များအတွင်းမှ ခိုး ယူလာသော ပစ္စည်းများနှင့် ငွေသားတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ရက်နေ့ကလည်း မတ္တရာမြို့နယ် ဝန်တင်ကုန်း၊ခြေတော်ရာ၊ပြည်သာအေး၊သပြေအိုက်ကျေးရွာများသို့ စစ်ကောင်စီတပ်မှအင်အား(၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် နီးစပ်ရာကျေးရွာများမှပြည်သူ ၁,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ခြေတော်ရွာကျေးရွာ၊ဝန်တင်ကုန်းကျေးရွာရှိ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်