
ဇန်နဝါရီ ၄၊ VOR
ရေဦး-ခင်ဦး ကားလမ်းဘေးရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး မြင်းဒေါင်းရွာ ပြည်သူ ၃၀ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂ရက်မှစတင်ကာ အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူနေအိမ်များကို ဝင်ရောက်ဖျက်ဆီးသောင်းကျန်းမှုကြောင့် ပြည်သူ ၈၀၀၀ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင် ၊ရေဦးမြို့နယ် မူးသားကုန်းရွာနှင့် ကုက္ကိုစုရွာ ယမန်နေ့ညက တပ်စွဲညအိပ်ခဲ့သော အကြမ်းဖက်စကစ တပ်သားအင်အား (၁၀၀)ခန့်ဟာ ယနေ့မနက် မူးမြစ်ဖြတ်ကူးကာ အရှေ့ဘက်ခင်ဦးနယ် အနောက်ခြမ်း ကျေးရွာများသို့ စစ်ကြောင်း ထိုးလာမှုကြောင့် ရေဦး-ခင်ဦး ကားလမ်းဘေးရှိ အင်တိုင်း(တောင်/မြောက်)ရွာ /အင်းပတ်/သရက်ပင်စု/ကားဆိပ်/မကျီးအုပ်/မြင်းဒေါင်း /ယာတော်/မြင်းဒေါင်း/မြင်းကျ စသည့်ကျေးရွာများ မှ ဒေသခံ(၈)ထောင် ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါစစ်ကြောင်းသည် မြင်းဒေါင်းကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံပြည်သူ ၃၀ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ယနေ့နံနက်ပိုင်းထိ ပြန်မလွှတ်သေးကြောင်း သိရသည်။
ခင်ဦးနယ်အတွင်း စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီး ချိန်မှစ၍ ကျေးရွာပေါင်း(၆၂)ရွာမှ နေအိမ်ပေါင်း ၄ထောင်နီးပါး မီးရှို့ဖျက်ဆီးခဲ့သောကြောင့် မီးဘေးသင့် အိုးမဲ့အိမ်မဲ့ပြည်သူ ၂သောင်းနီးပါးအထိရှိခဲ့ပြီဖြစ်သည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်