ဇန်နဝါရီ ၃၊ VOR
ချင်းပြည်နယ် ပလက်ဝမြို့နယ် စစ်ကောင်စီ ချင်းလက်ဝစခန်းကုန်းအား ရက္ခိုင့်တပ်တော်က ယနေ့ သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိကြောင်း AA က သတင်းထုတ်ပြန်သည်။


စစ်ကောင်စီတပ်သား အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ (၁)ရက်နေ့မှစတင်ကာ AA က ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း၌ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၃ရက်အတွင်း ခမောင်းဝနှင့် ချင်းလက်ဝကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်က တင်းမတောင်ရှည်တောင်စခန်းကို ဇန်နဝါရီ ၁ရက်နေ့နှင့် စစ်ကောင်စီ ခမောင်းဝစခန်းကုန်းအား ယမန်နေ့ ဇန်နဝါရီလ (၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ယနေ့ ချင်းလက်ဝကိုရရှိခဲ့ခြင်းဖြစ်သည်။
ပလက်ဝဒေသတွင်းရှိ စစ်ကောင်စီစခန်းကုန်းများကို တစ်ပတ်အတွင်းသိမ်းယူမည်ဟု ရက္ခိုင့်တပ်တော်က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ