Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
February 15, 2026

ပလက်ဝရှိ ချင်းလက်ဝစခန်းကုန်းအား AA သိမ်းပိုက်၊ အလောင်းအမြောက်အများ လက်နက်ခဲယမ်း အမြောက်အများ သိမ်းပိုက်ရရှိ

ဇန်နဝါရီ ၃၊ VOR

ချင်းပြည်နယ် ပလက်ဝမြို့နယ် စစ်ကောင်စီ ချင်းလက်ဝစခန်းကုန်းအား ရက္ခိုင့်တပ်တော်က ယနေ့ သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သား အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၁)ရက်နေ့မှစတင်ကာ AA က ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း၌ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၃ရက်အတွင်း ခမောင်းဝနှင့် ချင်းလက်ဝကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်က တင်းမတောင်ရှည်တောင်စခန်းကို ဇန်နဝါရီ ၁ရက်နေ့နှင့် စစ်ကောင်စီ ခမောင်းဝစခန်းကုန်းအား ယမန်နေ့ ဇန်နဝါရီလ (၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ယနေ့ ချင်းလက်ဝကိုရရှိခဲ့ခြင်းဖြစ်သည်။

ပလက်ဝဒေသတွင်းရှိ စစ်ကောင်စီစခန်းကုန်းများကို တစ်ပတ်အတွင်းသိမ်းယူမည်ဟု ရက္ခိုင့်တပ်တော်က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

You may have missed