ဒီဇင်ဘာ ၂၆ရက်မှ ယမန်နေ့ ဒီဇင်ဘာ ၂၈ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၃ခုဖြစ်သည့်
မြောက်ဦးမြို့ ခရိုင်ရဲစခန်း၊ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းတို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။



ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ ခရိုင်ရဲစခန်းအား လည်းကောင်း ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၆) နာရီ (၁၀) မိနစ်အချိန်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းအား လည်းကောင်း ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီ (၂၀) မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ရန်သူ့အခြေကုပ်စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းအားလည်းကောင်း က္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့သည်ဟု AA က သတင်းထုတ်ပြန်သည်။
သိမ်းပိုက်ရယူထားသော စခန်းကုန်းများမှ အလောင်း အမြောက်အမြား၊ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ပုပ်ပွပြီး အနံ့အသက်မကောင်းစွာဖြင့် နေရာအနှံ့ ပြန့်ကြဲသေဆုံးနေသော ရန်သူ့အလောင်းများစွာတို့အား ကောင်းစွာမြေမြှုပ်သင်္ဂြိုဟ်ထားပြီးဖြစ်သည်ဟု ဆိုသည်။
တစ်ပြိုင်နက်တည်းတွင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများအား လိုက်လံချေမှုန်းလျက်ရှိပြီးလက်နက်ချအညံ့ခံသောသူတိုင်း အသက်ချမ်းသာရာရမည်ဖြစ်ကာ
မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း ဤသတင်းထုတ်ပြန်ချက်နှင့်အတူ အာမခံကြောင်း ထပ်လောင်း အသိပေးထားသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ